လေပြေလေးတွေနဲ့အတူ မျောလွင့်လာမယ့် ရတီရဲ့စကားသံလေးတွေပေါ့
လမင်းရဲ့အောက်မှာ အထီးကျန်စွာတစ်ယောက်တည်း
နှင်းစက်တွေကတော့ ပုံမှန်ကျဆင်းနေတယ်

တဆစ်ဆစ်နဲ့နာကျင်ကွဲအက် လွမ်းရရက်တွေလည်းများခဲ့ပါပြီလေ
အဖော်မဲ့ညချမ်းတွေမှာ နှလုံးသားထဲက ငိုကြွေးသံတွေ
ရတီ မကြားမိပါစေနဲ့
သံသရာအဆက်ဆက်က တင်လာခဲ့တဲ့ကြမ္မာဝဋ်ကြွေး
နှလုံးသွေနဲ့ကြေအောင်ဆပ်ခဲ့ပြီလေ