Friday, 30 August 2019
Tuesday, 27 August 2019
ရတီအတွက်
အလွမ်းတွေမရှိတော့တဲ့အခါကျရင်
ကို့နှလုံးသားရဲ့ရင်ခုန်သံတွေ ရပ်တန့်သွားလိမ့်မယ်
ရွက်ဝါကသူ့ဘဝကို ကြွေကျပြီး
နွေရဲ့အလှကို ဖန်တီးပေးသလိုမျိုး
ကို့နှလုံးသားကိုပေးဆပ်ပြီး
ရတီရဲ့ အပြုံးလေးတွေကို တောက်ပစေချင်ခဲ့တာပါ
ဒီအချိန်မှာလေ
တန်ခိုးရှင်တစ်ဦးကသာ ဘာအလိုရှိသလဲလို့မေးခဲ့ရင်
ကိုအလိုချင်ဆုံးက
ဖျတ်ကနဲ ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တဲ့
မျက်တောင်လေးတွေရဲ့ လှုပ်ရှားမှုတိုင်းမှာပဲဖြစ်ဖြစ်
တဒိတ်ဒိတ်ခုန်နေတဲ့ ကို့နှလုံးသားရဲ့ ရင်ခုန်သံတိုင်းမှာပဲဖြစ်ဖြစ်
အိပ်စက်ခြင်းရဲ့ ဟိုးဘက်က အိပ်မက်တွေထဲမှာပဲဖြစ်ဖြစ်
ရတီနဲ့ စက္ကန့်ပိုင်းလေးလောက်ပဲရှိတဲ့ ဆုံဆည်းမှုကလေးတစ်ခုကိုပါ
ကို့အနားမှာ ရတီမရှိပေမယ့်
ကိုရဲ့နှလုံးသားထဲမှာ အမြဲတမ်း ရတီရှိပါတယ်
ရတီရယ်
ကိုတို့(၂)ယောက် တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးစိတ်ကောက်လို့
စကားမပြောဘဲ နေချင်နေပါ
ကိုတို့(၂)ယောက်ကို ဝေးရမယ့် လမ်းခွဲစကားတော့
ဘယ်တော့မှ မပြောကြေးနော်
ရတီ ကိုအရမ်းချစ်တဲ့ 'ကိုကို'

Monday, 26 August 2019
Wednesday, 21 August 2019
ရတီအတွက် ကဗျာလက်ဆောင်
ရင်နင့်အောင်ခံစားရတ်ဆိုတာ ငါနင့်ကို ရင်နင့်အောင်ချစ်ခဲ့လို့ပါယ
ရတီရ်ယ
ရတီနဲ့ စိတ်ဆိုး စိတ်ကောက်လို့စကားမပြောတဲ့အချိန်တိုင်း ကို့ရင်ထဲမှာ ရင်နင့်အောင် ခံစားရတ်ယဆိုတာ ကိုကပြီး ရတီမှ မသိတာလောမ့် ယဒ အချစ်ဆိုတာက ရူပိုင်ဆိုင်ရမှ အချစ်ဟယ လို့ခေါ်တာ မုတ်ပါဘူးဟ
ကို့ရင်ထဲမှာ ရတီကိုချစ်နေရရင်ပဲ ကိုကျေနပ်နေပပြီ ရတီကိုအရမ်းချစ်တ် ထာရ အတွက်ပါ ဝယ

Monday, 19 August 2019
Subscribe to:
Posts (Atom)